ဇန်နဝါရီလဒုတိယပတ်အတွင်း မန္တလေးမြို့၊သီရိမာလာစျေး(ပိုက်ကျုံးစျေး)ရှိ ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများ အရောင်းသွက်လျှက်ရှိကြောင်း သိရပါတယ်။ ရေထွက်ပစ္စည်းဝင်ရောက်မှုမှာ မန္တလေးဒေသတွင်းရှိ မွေးမြူရေးကန်များမှ တီလားဗီးယားငါး(ဂျပန်ငါး)၊ငါးကြင်းများ၊ရေချိုငါးမျိုးစုံ နှင့် ပုဇွန်များရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်အောက် ပိုင်းမှထွက်ရှိသော ငါး၊ ပုဇွန်၊ ဂဏန်းများနှင့်ရေထွက်ပစ္စည်းများ လည်းဝင်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်သို့ ဝင်ရောက်မှုအနေဖြင့် တစ်ရက်ခြားလျှင် ကား(၁၀ ဘီး) ၃စီးနှင့် ၄စီး အကြား ဝင်ရောက်မှုနှင့် ခေါက်တိုကန်တာကားအနေဖြင့် တစ်ရက်လျှင် ၅ စီးနှင့် ၆ စီးအကြား ဝင်ကြောင်း သိရပါတယ်။ သီရိမာလာစျေးမှ ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများအား လက်လီ/လက္ကားဝယ်ယူ၍ မန္တလေးမြို့ပေါ်ရှိစျေးများသို့ ပြန်လည်ရောင်းချကြောင်းသိရပါတယ်။ဇန်နဝါရီလဒုတိယပတ်အတွင်း သီရိမာလာစျေးတွင် ဖြစ်ပေါ်ခဲ့သည့်တစ်ပိဿာစျေးနှုန်းများမှာ ငါးသလောက်စျေး ၂၀၀၀ဝိ/- နှင့် ၃၅၀၀ဝိ/-၊ ငါးကြင်းဖြူစျေး ၁၂၀၀ဝိ/- နှင့် ၁၆၀၀ဝိ/-၊ ငါးကြင်းနီစျေး ၁၂၀၀ဝိ/- နှင့် ၁၄၀၀ဝိ/- ၊ ငါးအုံတုံစျေး ၁၀၀၀ဝိ/-နှင့် ၁၄၀၀ဝိ/- ၊ ငါးမြစ်ချင်း၊ ငါးပတ်နှင့် ငါးရံ့စျေးများမှာ ၁၃၀၀ဝိ/- နှင့် ၁၆၀၀ဝိ/-စျေး၊တီလားဗီးယား(ဂျပန်ငါး)စျေး ၈၀၀ဝိ/- နှင့်၁၀၀၀ဝိ/-၊ကတ်ကတစ်ငါးစျေး၃၀၀၀ဝိ/- နှင့် ၃၃၀၀ဝိ/- တို့ဖြင့် အသီးသီးရောင်းချလျက်ရှိပြီး၊ အရွယ်အစားအလိုက် အနည်းငယ်စျေးနှုန်း ကွာခြားမှုရှိပါတယ်။ မွေးမြူရေးပုဇွန်စျေးမှာ အမျိုးအစားပေါ်မူတည်၍ ၁၀၀၀ဝိ/-နှင့် ၁၃၀၀ဝိ/-စျေး၊ ပုဇွန်ကြားနှင့်ရေချိုပုဇွန်တုတ်စျေးမှာ ၃၅၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-စျေး ၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/- စျေး၊ ဂဏန်းစျေး ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ကင်းမွန်စျေး ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/- ၊ ရေဘဝဲစျေး ၂၀၀၀ဝိ/- နှင့်၄၅၀၀ဝိ/- စျေးတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိပါတယ်။ သီရိမာလာ စျေးရှိ ရေထွက်ပစ္စည်းအရောင်းဆိုင်မှ ပြောပြချက်အရ နှစ်သစ်ကူးရာသီတွင် ရေထွက်ပစ္စည်းများ ပိုမိုရောင်းချခဲ့ရပြီး၊ ဇန်နဝါရီလဒုတိယပတ်အတွင်း ရေထွက်ပစ္စည်းများမှာ စျေးကွက်တွင် အရောင်း သွက်လျှက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)