Main menu

အရောင်းသွက်သည့်ရေထွက်ပစ္စည်းစျေးကွက်

Powered by Drupal

           ဇန်နဝါရီလဒုတိယပတ်အတွင်း  မန္တလေးမြို့၊သီရိမာလာစျေး(ပိုက်ကျုံးစျေး)ရှိ   ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများ  အရောင်းသွက်လျှက်ရှိကြောင်း သိရပါတယ်။  ရေထွက်ပစ္စည်းဝင်ရောက်မှုမှာ  မန္တလေးဒေသတွင်းရှိ မွေးမြူရေးကန်များမှ တီလားဗီးယားငါး(ဂျပန်ငါး)၊ငါးကြင်းများ၊ရေချိုငါးမျိုးစုံ နှင့် ပုဇွန်များရောင်းချလျက်ရှိကြောင်း  သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်အောက် ပိုင်းမှထွက်ရှိသော ငါး၊  ပုဇွန်၊ ဂဏန်းများနှင့်ရေထွက်ပစ္စည်းများ လည်းဝင်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်သို့ ဝင်ရောက်မှုအနေဖြင့် တစ်ရက်ခြားလျှင် ကား(၁၀ ဘီး) ၃စီးနှင့် ၄စီး အကြား ဝင်ရောက်မှုနှင့် ခေါက်တိုကန်တာကားအနေဖြင့်  တစ်ရက်လျှင် ၅ စီးနှင့် ၆ စီးအကြား ဝင်ကြောင်း သိရပါတယ်။ သီရိမာလာစျေးမှ ငါး၊ ပုဇွန်နှင့်   ရေထွက်ပစ္စည်းများအား  လက်လီ/လက္ကားဝယ်ယူ၍ မန္တလေးမြို့ပေါ်ရှိစျေးများသို့ ပြန်လည်ရောင်းချကြောင်းသိရပါတယ်။ဇန်နဝါရီလဒုတိယပတ်အတွင်း သီရိမာလာစျေးတွင် ဖြစ်ပေါ်ခဲ့သည့်တစ်ပိဿာစျေးနှုန်းများမှာ   ငါးသလောက်စျေး ၂၀၀၀ဝိ/- နှင့် ၃၅၀၀ဝိ/-၊ ငါးကြင်းဖြူစျေး  ၁၂၀၀ဝိ/- နှင့် ၁၆၀၀ဝိ/-၊ ငါးကြင်းနီစျေး  ၁၂၀၀ဝိ/- နှင့် ၁၄၀၀ဝိ/- ၊ ငါးအုံတုံစျေး  ၁၀၀၀ဝိ/-နှင့် ၁၄၀၀ဝိ/- ၊ ငါးမြစ်ချင်း၊  ငါးပတ်နှင့် ငါးရံ့စျေးများမှာ ၁၃၀၀ဝိ/-  နှင့် ၁၆၀၀ဝိ/-စျေး၊တီလားဗီးယား(ဂျပန်ငါး)စျေး ၈၀၀ဝိ/- နှင့်၁၀၀၀ဝိ/-၊ကတ်ကတစ်ငါးစျေး၃၀၀၀ဝိ/- နှင့် ၃၃၀၀ဝိ/- တို့ဖြင့်  အသီးသီးရောင်းချလျက်ရှိပြီး၊  အရွယ်အစားအလိုက်  အနည်းငယ်စျေးနှုန်း ကွာခြားမှုရှိပါတယ်။ မွေးမြူရေးပုဇွန်စျေးမှာ အမျိုးအစားပေါ်မူတည်၍  ၁၀၀၀ဝိ/-နှင့် ၁၃၀၀ဝိ/-စျေး၊ ပုဇွန်ကြားနှင့်ရေချိုပုဇွန်တုတ်စျေးမှာ  ၃၅၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-စျေး ၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/- စျေး၊ ဂဏန်းစျေး ၁၀၀၀ဝိ/- နှင့်  ၁၂၀၀ဝိ/-၊ကင်းမွန်စျေး ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/- ၊ ရေဘဝဲစျေး ၂၀၀၀ဝိ/- နှင့်၄၅၀၀ဝိ/- စျေးတို့ဖြင့်     အသီးသီး ရောင်းချလျက်ရှိပါတယ်။ သီရိမာလာ စျေးရှိ ရေထွက်ပစ္စည်းအရောင်းဆိုင်မှ  ပြောပြချက်အရ  နှစ်သစ်ကူးရာသီတွင် ရေထွက်ပစ္စည်းများ ပိုမိုရောင်းချခဲ့ရပြီး၊ ဇန်နဝါရီလဒုတိယပတ်အတွင်း  ရေထွက်ပစ္စည်းများမှာ စျေးကွက်တွင် အရောင်း သွက်လျှက်ရှိ‌ကြောင်း သိရပါတယ်။    

DOCA(မန္တလေး)