မြန်အောင်မြို့ တရားမဝင်ဆေးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်တာဝန်ခံသည် မြန်အောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ နေခြည်ဈေးအတွင်းရှိ ဆေးဆိုင်များတွင် (၁၂.၅.၂၀၂၂) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်စည်ပင်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍  မြို့ပေါ်ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

           Online ပေါ်တွင် အကိုက်အခဲရောဂါပေါင်းစုံ ပျောက်သည်ဟုဆိုကာ ရောင်းချနေသောဆေးများရှိသဖြင့် စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် မြန်မာနိုင်ငံတွင်လည်း တရားဝင်ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်းများ တင်သွင်းရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး တင်းသွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)