သရေခေတ္တရာ ပျူမြို့ဟောင်း ပြတိုက်သို့  ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်လျှက်ရှိ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မှော်ဇာကျေးရွာရှိ  ပျူမြို့ဟောင်း မှော်ဇာပြတိုက်တွင် ယခင်က ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများဖြင့် စည်ကားလျှက်ရှိရာ  COVID-19 ရောဂါများဖြစ်ပွားချိန်တွင် ခရီးသွားဧည့်သည်များမရှိ၍ ယာယီပိတ်ထားလျှက်ရှိရာ ယခုအချိန်တွင် ရောဂါဖြစ်ပွားမှုများ လျော့ကျသွားသဖြင့် ခရီးသွားများလာရောက်လည်ပတ်သွားလာသဖြင့် ပျူမြို့ဟောင်း ပြတိုက်အား ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ ဖွင့်လှစ်လျှက်ရှိပါသည်။

          ပျူမြို့ဟောင်းပြတိုက်တွင် လေ့လာစရာများစုံလင်စွာရှိပြီး ပျူခေတ်လူတို့ အသုံးအဆောင်များ၊ မြေအိုး၊ မြေခွက်များ၊ ပျူမြို့ရိုးများဖြင့် ခင်းကျင်းပြသထားပြီး ပြည်တွင်းခရီးသွားများဖြင့် စည်ကားလျှက်ရှိပါသည်။ ပြတိုက်အား ဝင်ကြေးအနေဖြင့် ပြည်တွင်းခရီးသွားများအား အခမဲ့ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး ၊ နိုင်ငံခြားခရီးသွားများအား တစ်ဦးလျှင် မြန်မာငွေ ၅၀၀၀ကျပ်ဖြင့် သတ်မှတ်ကောက်ခံပါသည်။ ပြတိုက်ဖွင့်လှစ်ချိန်မှာ နံနက် (၉:၀၀)နာရီမှ ညနေ(၄:၃၀) အထိဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နေ့စဉ်သတ်မှတ်ချိန်အတွင်း ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)