အရည်အသွေးကောင်းအာလူးများ ပြည်ဈေးကွက်သို့ဝင်ရောက်လျက်ရှိ

Powered by Drupal

        ရှမ်းပြည်အောင်ပန်းမှ ပြည်ပွဲရုံများသို့ အရည်အသွေးကောင်းသောအာလူးများ ဆက်တိုက် ဝင်ရောက်လျက်ရှိပါသည်။ အာလူးအိတ်များမှာ ကြီး၊ လတ်၊ သေး အလိုက်ဝင်ရောက်ပြီး အလုံးလှ ကာ အရည်အသွေးကောင်းသောကြောင့် အာလူးအရောင်းအဝယ်သွက်နေ ကြောင်းသိရပါသည်။ အာလူးနှင့်ပတ်သက်သော အကြော်နှင့်မုန့်လုပ်ငန်းအရောင်းအဝယ်သမားတို့ အများဆုံးဝယ်ယူနေပြီး လက်လီဈေးများတွင်လည်း အရောင်းအဝယ်ကောင်းနေတာတွေ့ရပါသည်။ ပြည်ဈေးကွက် တွင်ရောင်းချသော အာလူးဈေးနှုန်းများမှာ (ပွဲရုံဈေး) တစ်ပိဿာလျှင် (၅၅၀၀-၆၅၀၀)ကျပ် ဈေးဖြစ်ပြီး၊ လက်လီဈေးမှာ (၈၀၀၀-၁၀၀၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိနေပါသည်။ ဈေးနှုန်းလည်းသင့်ပြီး၊ အမျိုးအစားကောင်းအာလူးများဖြစ်သောကြောင့် ပွဲရုံများတွင်အာလူး အရောင်းအဝယ်များကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)