ဖြူးမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးမြတ်မင်းမောင် ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ဖြူးအရှေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့်အကြောင်းများကို လည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ဈေးနှုန်းဈေးကွက်သတင်းများ၊ သီးနှံများ၏ စိုက်အောင်ထွက် စားသုံးပိုလျှံ သတင်းအချက်အလက်များကို ရယူစုဆောင်း၍ တင်ပြဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ သီးနှံအစုအဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်သည့် အလေ့အထများရှိစေရေးဆောင်ရွက်ပေးသည့် အခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးဌာနက အကြံပြုထားသည့် လူတစ်ဦးစားသုံးသင့်သည့် ဆီပမာဏထက် ကျော်လွန်စားသုံးခြင်းမပြုခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့်အပြင် မိသားစုစီးပွားရေးကိုလည်း အထောက်အကူပြုမည့် အခြေအနေများ၊ မြေပဲ၊ နှမ်းနှင့်နေကြာတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီကို စားသုံးရမည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုမည့် အခြေအနေများကိုလည်းကောင်း ဟောပြောပါသည်။

             ဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဌာနတို့မှ တာဝန်ရှိသူများကလည်း မိမိတို့ဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပါသည်။ ဟောပြောပွဲသို့ ဖြူးအရှေ့ကျေးရွာအုပ်စု၊ တာခြားရပ်မှ တောင်သူဦးကြီးများနှင့် မိသားစုဝင်များ ၁၅ ဦးခန့် တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)