ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၉.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) မှ (၁၁:၃၀) နာရီအချိန်ထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြပါသည်။။
အဆိုပါ ဟောပြောပွဲတွင် ဌာနဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်ပြီး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။
ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ပေးရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူလိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းလေ့လာမှတ်သားရမည့် အချက်များ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်စသော အချက်အလက်များပါဝင်သည့် မြန်မာစာဖြင့်ဖော်ပြသော ကုန်စည်ကိုသာ ရွေးချယ်ဝယ်ယူစားသောက်ရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အကျယ်တဝင့်ရှင်းလင်း ဖြေကြားပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ပြည်သူ(၃၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)