ဟင်္သာတခရိုင်တွင် တရားမဝင် စက်ဆီ၊ ချောဆီများ ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ဇလွန်မြို့နယ်နှင့် မြန်အောင်မြို့နယ်တွင် (၂.၅.၂၀၂၂) နေ့ကလည်းကောင်း၊  ကြံခင်းမြို့နယ်တွင် (၃.၅.၂၀၂၂) နေ့က လည်းကောင်း၊ လေးမျက်နှာမြို့နယ်တွင် (၄.၅.၂၀၂၂) နေ့ကလည်းကောင်း၊ အင်္ဂပူမြို့နယ် တွင် (၅.၅.၂၀၂၂) နေ့ကလည်းကောင်း၊ ဟင်္သာတမြို့နယ်တွင် (၆.၅.၂၀၂၂) နေ့ကလည်းကောင်း၊  ဈေးကွက်အတွင်း ရောင်းချနေသော စက်ဆီ၊ ချောဆီများတွင် တရားမဝင် အတုအပ စက်ဆီ၊ ချောဆီများရောင်းချနေခြင်းရှိမရှိကို စားသုံသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံများက မြိုံ့နယ် စည်ပင်မှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသိုကွင်းဆင်းစစ်ဆေးရာတွင် ဇလွန်မြို့ပေါ်ရှိ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်(၃)ဆိုင်၊ မြန်အောင် မြို့ပေါ်ရှိ စက်ပစ္စည်းအရောင်းဆိုင် (၂)ဆိုင်၊ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက် ရှိ စက်သုံးဆီ အရောင်း ဆိုင် (  ၁  ) ဆိုင်၊ လေးမျက်နှာမြို့နယ်ရှိ စက်ပစ္စည်းအရောင်းဆိုင် (၂) ဆိုင်၊ အင်္ဂပူမြို့ပေါ်ရှိ ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင် (၅)ဆိုင်၊ ဟင်္သာတမြို့ပေါ်ရှိ စက်ပစ္စည်းအရောင်း (၂) ဆိုင်တို့အား စီစစ်ခဲ့ပြီး၊ ဆိုင်ရှင်များအား အရည်အသွေးမှန်သည့် စက်ဆီချောဆီများရောင်းချရေး၊ အတုအပ စက်ဆီ၊ချောဆီများ မရောင်းချရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊  အခန်း (၁၇)ပါ ကုန်စည်(သို့) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများအား အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)