ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး သီဟသူ ဆန်စက်အား ကွင်းဆင်းအသိပညာပေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၃.၅.၂၀၂၂) ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် သီဟသူ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ညောင်တုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးအောင်လွင်နှင့် သီဟသူ ဆန်စက်ပိုင်ရှင် တို့တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်ထားနိုင်ရေးတို့အပြင်၊ ညောင်တုန်းမြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများနှင့် ဆန်းစပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကို အကျယ်တဝင့် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)