တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့မည့်ကုမ္ပဏီအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံကြည်ဦးဆောင်၍  ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ  ဦးထွေးသိမ်း၊  ဒေးဒရဲမြို့နယ်တာဝန်ခံ  ဦးသိန်းမောင်တို့ပါဝင်သော စစ်ဆေးရေးအဖွဲ့သည်(၁၈-၅-၂၀၂၂) ရက်နေ့ နံနက်  (၁၀:၀၀) နာရီအချိန်တွင်  မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူသမ္မတနိုင်ငံတို့အကြား လက်မှတ်ရေးထိုးသည့် SPS Protocal အရ  တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့ရန်  ဆန္ဒပြုလျှောက်ထားသည့်  ALLIANCE  EAGLE ကုမ္ပဏီ၏ ပြောင်းဆံအခြောက်ခံ သန့်စင်သိုလှောင်မည့် ဒေးဒရဲမြို့နယ် ထောင်မှူးချောင်ကျေးရွာရှိ Agrastar ပေါင်းဆန်စက်ရုံသို့ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ကွင်းဆင်းစစ်ဆေးမှုအရ  Agrastar ပေါင်းဆန်စက်ရုံအတွင်းတစ်လုံးလျှင် ပြောင်းဆံ(၂၂)တန်ဆံ့ သိုလှောင်ကန် (၁၄) လုံး ဆောင်ရွက်ထားရှိပြီး စက်များကို  လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်လည်ပတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်သားအင်အား (၄၀ မှ ၇၀) အထိရှိကြောင်း၊ ကုန်ပစ္စည်းအတင်အချကိုလည်း ကွန်ဘေရာများဖြင့် တင်ချဆောင်ရွက်နိုင်ကြောင်း ကွင်းဆင်းစစ်ဆေးတွေ့ရှိပါသည်။

DOCA(ဧရာဝတီ)