ဖျာပုံမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့မှ ဆေးဝါးအရောင်းဆိုင်များ တွင် တရားမဝင်ဆေးဝါးများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ခရိုင်တိုင်းရင်းဆေးဦးစီးဌာနမှ ဦးဆောင်၍  မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့ဖြစ်သော ထွေ/အုပ်၊ ကျန်းမာရေး၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့၊ သတင်းနှင့်ပြန်ကြားရေး၊ စားသုံးသူရေးရာဦးစီးဌာနတို့ လိုက်ပါ၍ မေ(၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်အတွင်း တရားမဝင်ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          အဆိုပါ ဆေးဆိုင်များတွင် အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါသောက်ဆေးနှင့် Online ပေါ်တွင် ရောင်းချနေသည့် ရသေ့ဆေး သို့မဟုတ် ထိုင်းဗိန်းတောဆေး၊ Bella  Plus  Plaster များ၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်များဖော်ပြခြင်းမရှိသည့် ဆေးနှင့်ဆေးပစ္စည်းများအား စားသုံးသူပြည်များ ဘေးအန္တရာယ်မရှိစေရေး၊ ဈေးကွက်အတွင်း ကျယ်ကျယ် ပြန့်ပြန့်ရောင်းချမှုရှိ/မရှိနှင့် အများပြည်သူကျန်းမာရေးအတွက်လည်းကောင်း၊ တရားဝင် အခွန်အခများပေးသွင်း၍ ရောင်းချနေသူများ၏ အကျိုးစီးပွားထိခိုက်နစ်နာမှုမရှိစေရေးအတွက်လည်းကောင်း၊ အရေးယူဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)