ရွှေရွာငံကော်ဖီ ဈေးကောင်းရရှိ

Powered by Drupal

         ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေရွာငံကုမ္ပဏီမှ ဒေသထွက်ကော်ဖီများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဧပြီလကုန်အထိ ထိုင်းနိုင်ငံသို့ ကော်ဖီ (၃၄၀) တန် တင်ပို့နိုင်ခဲ့ကြောင်း  သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် Polish Wash တစ်တန်လျှင် ကျပ်သိန်း (၁၂၀ မှ ၁၃၀) ဖြင့် (၁၃၆) တန်ကို လည်းကောင်း၊ Natural Dry တစ်တန်လျှင် ကျပ်သိန်း (၆၅ မှ ၇၀) ဖြင့် (၂၀၄) တန်ကိုလည်းကောင်း တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိဒေသတွင်းတွင် Polish Wash တစ်ပိဿာ (၁၂၀၀၀  မှ ၁၃၀၀၀) ကျပ်၊ Green Bean တစ်ပိဿာ (၈၅၀၀ မှ ၁၀၀၀၀) ကျပ်၊ Natural Dry တစ်ပိဿာလျှင် (၆၀၀၀ မှ ၈၅၀၀) ကျပ်ရရှိခဲ့ကြောင်း ရွှေရွာငံကုမ္ပဏီထံမှ သိရှိရပါသည်။ ရွာငံမြို့နယ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကော်ဖီစိုက်ပျိုးမှုအများဆုံးမြို့နယ်တစ်ခုဖြစ်ပါသည်။  ယခင်နှစ်တွင် ကော်ဖီဈေးနှုန်းမှာ အနိမ့်ဆုံး (၃၀၀၀) ကျပ်မှ အမြင့်ဆုံး (၅၀၀၀) ကျပ်သာ ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)