တားမြစ်ထားသော အသားလုံး/အသားချောင်းများ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)ဈေးနှင့် ဒဂုံညွှန့်ဈေးများသို့ ပူးပေါင်းအဖွဲ့ဖြင့် (၂၀.၅.၂၀၂၂) ရက်နေ့ (၁၃:ဝဝ) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန(အ‌ရှေ့ပိုင်းခရိုင်)၊ မြို့နယ်၊ ထွေ/အုပ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ သက်ဆိုင်ရာဈေးတာဝန်ခံများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ တားမြစ်ထားသော အသားလုံး၊ အသားချောင်းများ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက (FDA) မှ တားမြစ်ထားသော အသားလုံး၊ အသားချောင်းများသည် စားသုံးသူများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်ခြင်းကြောင့် ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်နှင့် ရောင်းချခြင်းတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဈေးတာဝန်ခံများနှင့် ဈေးသူ/ဈေးသားများကို သတိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(ရန်ကုန်)