ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်ထိုက်ရွှေရည် မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သော ကုန်ပစ္စည်များ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေးအတွက်၂၀၂၂ခုနှစ်၊မေလ(၂၀)ရက်နေ့တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုက်ရွှေရည် မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သောပဲမုန့် ၊ ပူတင်းမုန့်တို့တွင် ကြက်ဥ ၊ ဆား၊ သကြား၊ ဂျုံ၊ ဟင်းရွက်ဆီ၊ ပွဆေး၊ထောပတ်ဆီများပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် အထုပ်အရေအတွက်(၃၀၀)ခန့် နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ မုန့်တစ်ထုပ်လျှင်(၅)ခုပါရှိကြောင်း၊ မုန့်တစ်ထုပ်လျှင် (၆၅၀) ကျပ်နှုန်းနှင့် ရောင်းချလျက်ရှိကြောင်း၊ လက်ကားဈေးနှုန်းအနေဖြင့် (၅၃၀)ကျပ်နှုန်း ရောင်းချကြောင်း ထိုလုပ်ငန်းတွင် လုပ်သား(၃)ဦးရှိပြီးတစ်ဦးလျှင် တစ်နေ့(၄၀၀၀/၅၀၀၀)ကျပ်နှုန်းဖြင့် လုပ်အားအလိုက် ရရှိကြောင်း ၊ဈေးကွက်အနေဖြင့် ဒေသတွင်းသာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရပါသည်။
မြို့နယ်တာဝန်ခံက ထုတ်လုပ်သောကုန်စည်များနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၄၁) (၄၃)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)