
(၃.၂.၂၀၂၅) ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ မော်လမြိုင်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ် နှင့် ခေါင်းဆောင်သောအဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကုန်မျိုးစုံရောင်းချနေသောလုပ်ငန်းရှင် (၁၅) ဦးတို့အား စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရားများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီး ဝန်ဆောင်မှုများ အကြောင်း ၊ အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှုအခြေအနေများ ကိုလည်း ဟောပြောဆွေးနွေး ခဲ့ပါ သည်။
DOCA(ဧရာဝတီ)