အင်္ဂပူမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းတွင်ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် စသည့် နေရာ များထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေသည်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘို နှင့်  ခေါင်းဆောင် သော အဖွဲ့သည် (၅.၂.၂၀၂၅) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ ဦးရေ(၆၅)ဦး ခန့်အား စားသုံးသူအခွင့်အရေးများ နှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ နှင့် စားသုံးသူ တို့၏ တာဝန်နှင့်ဝတ္တရား များကိုလည်း ဟောပြောဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)