ပုသိမ်ခရိုင်ဦးစီးမှူးရုံးတွင် ကြက်ဥ/ဘဲဥ ရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူ အသိပညာပေးဟောပြောခြင်း

Powered by Drupal

 (၅.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ပုသိမ်ခရိုင်တာဝန်ခံ ဦးတင်စိုးလှိုင်သည် စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူးရုံးတွင် ကြက်ဥ/ဘဲဥ ရောင်းချသည့် လုပ်ငန်းရှင်(၁၈)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ လုပ်ငန်းရှင်၏ တာဝန်ဝတ္တရားများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြ ချက်များ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီး ဝန်ဆောင်မှုများ အကြောင်း ၊  အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက် နေမှုအခြေအနေများကို လည်းအသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)