![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_153.jpg?itok=JJ2ZOj1k)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ရန်ရည်ရွယ်၍(၃.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ရေကြည်မြို့နယ် တာဝန်ခံ ဒေါ်ချယ်ရီမြင့် နှင့် ခေါင်းဆောင်သော အဖွဲ့သည် ရေကြည်မြို့နယ်၊ ပိတောက်ချောင်းကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း တွင် ပညာသင်ယူနေသော ကျောင်းသား/ကျောင်းသူ နှင့် ဆရာ/ဆရာမ ဦးရေ စုစုပေါင်း (၁၉၃) ဦးခန့် တို့အား စားသုံးသူ ကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ နှင့် လုပ်ငန်းရှင် တို့၏တာဝန်များ၊ စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် နည်းလမ်း များ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြ ချက်များ ကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။
DOCA(ဧရာဝတီ)