![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/145_1.png?itok=BmXpl5z2)
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်တွင် မြေဩဇာကောင်းမွန်သော မြေနုကျွန်း (နှုန်းမြေ) ပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်သီးနှံတွင် မပါမဖြစ် သုံးစွဲနေသော ငရုတ်သီးကို ပြည်ပသို့တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန် နှစ်စဉ်မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ဧက( ၃၂၆၃ ) ဝန်းကျင် စိုက်ပျိုးထားကြောင်း သိရသည်။
ယခုအခါ အင်္ဂပူမြို့နယ်၏ ဆောင်းသီးနှံ ငရုတ်သီးများထွက်ရှိပြီးဖြစ်ရာ တစ်ရာသီလျှင် သုံးကြိမ် ခန့် ခူးဆွတ်နိုင်ပြီး တစ်ဧကလျှင် ငရုတ်သီးအစို ပိဿာ(၂၅၀၀ မှ ၂၇၀၀) ကြား ထွက်ရှိကြောင်း သိရှိရပါသည်။ ငရုတ် တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၄ သိန်းဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ယခုနှစ် ငရုတ်သီးထွက်ရှိချိန်တွင် ငရုတ်အမှည့်အစို တစ်ပိဿာလျှင် (၃၂၀၀/-ကျပ်)၊ ငရုတ်ခြောက် တစ်ပိဿာ လျှင် (၁၁၀၀၀/-ကျပ်)ဖြင့် ဒေသတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ သီးနှံပေါ်ချိန်တွင် ဈေးကောင်းရရှိသောကြောင့် ငရုတ်စိုက်ပျိုးသော တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်း၊ ဒေသတွင်းရောင်းချမှုအပြင် ဟင်္သာတမြို့၊ ညောင်တုန်းမြို့နှင့် အခြားဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)