ကျုံပျော်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ဟောပြောပို့ချခြင်း

Powered by Drupal

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ရန်ရည်ရွယ်၍(၃.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ကျုံပျော်မြို့နယ် တာဝန်ခံ ဒေါ်ခင်မေဝင်း နှင့်  ခေါင်းဆောင် သောအဖွဲ့သည် ကျုံပျော် မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသား/ ကျောင်းသူ နှင့် ဆရာ/ဆရာမ ဦးရေ စုစုပေါင်း (၂၂၁) ဦးခန့်တို့အား စားသုံးသူ ကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ နှင့် လုပ်ငန်းရှင် တို့၏တာဝန်များ၊ စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် နည်းလမ်း များ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထား သည့် အရေးကြီးကုန်စည်နှင့် အရေးကြီး ဝန်ဆောင်မှုများအကြောင်း ၊  အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှု အခြေအနေများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြ ချက်များ ကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)