![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_28.png?itok=xAKXiqBi)
(၅.၂.၂၀၂၅) ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ မအူပင်မြို့နယ် တာဝန်ခံ ဦးအောင်ဇော်ဦး နှင့် ခေါင်းဆောင်သောအဖွဲ့သည် မအူပင်မြို့နယ်၊ တာပါတ်အရှေ့ကျေးရွာ၊ ဓမ္မာရုံတွင် ကုန်မျိုးစုံရောင်းချနေသော လုပ်ငန်းရှင် (၁၂) ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရားများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများ အကြောင်း ၊ အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှုအခြေအနေများကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။
DOCA(ဧရာဝတီ)