ဖျာပုံမြို့နယ်ရှိ အ.ထ.က(၁)ကျောင်းတွင် Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာ အကြောင်းအရာနှင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာများ ဟောပြောပို့ချခြင်း

Powered by Drupal

 (၄.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဖျာပုံမြို့နယ် တာဝန်ခံ ဦးမင်းဇော် နှင့်  ခေါင်းဆောင်သောအဖွဲ့သည် ဖျာပုံမြို့နယ်ရှိ အ.ထ.က (၁)ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမ (၈၂) ဦးခန့်တို့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများ အကြောင်း ၊  အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှုအခြေအနေများ၊ စားသုံးသူကာကွယ် ရေးဥပဒေပါ လုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရားများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ ကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)