![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5_18.png?itok=pxS7uoEn)
(၄.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဒေးဒရဲမြို့နယ် တာဝန်ခံ ဦးသိန်းမောင် နှင့် ခေါင်းဆောင်သောအဖွဲ့သည် ဒေးဒရဲမြို့နယ်ရှိ အ.ထ.က (၁)ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမ (၆၀) ဦးခန့်တို့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီး ကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများ အကြောင်း ၊ အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှုအခြေအနေများ၊ စားသုံးသူ ကာကွယ် ရေးဥပဒေပါ လုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရားများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။
DOCA(ဧရာဝတီ)