
ဩဇာပင်သည် ရွက်ကြွေပင်မျိုးဖြစ်၍ အမြင့်(၁၅)ပေကျော်မြင့်ပြီး အကိုင်းများစွာဖြာပြီး နီညိုရောင်ရှိပါသည်။ အခေါက်တွင် မီးခိုးရောင်အကွက်များရှိသည် အရွက်မှာ ရွက်လွှဲထွက်ပြီး ဘဲဥပုံ ရှည်မျောမျောဖြစ်၍ ရွက်ရင်းသွယ်ပြီး ရွက်ထိပ်ချွန်သည်။ အသီးမှာ အစိမ်းရင့်ရောင်ရှိ၍ တစ်လုံးခြင်း (သို့မဟုတ်)စုပြုံ၍သီးသည်။ အစေ့များခွံပျော့သီးဖြစ်ပြီး အသားထူသည်။ အနံ့ရှိသည် အစေ့မှာ ချိုသောအသားပျော့ဖြင့် ဖုံးအုပ်ထားပါသည်။
ဩဇာသီးကို အိန္ဒိယပြည်က ရှာရီဖာ လို့ခေါ်ကြပြီးတော့ အစိမ်းအတိုင်းအပြင် ကိတ်မုန့်၊ အချိုမုန့်တွေဖြင့် လုပ်စားတတ်ကြပါသည်။ မြန်မာပြည်မှာတော့ အစိမ်းအတိုင်း စားကြတာများ ပါသည်။ ဩဇာသီးသည် အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးလည်းဖြစ်ပါသည်။ ဩဇာသီးမှာ ဗီတာမင်ဘီ၊ ဘီတာမင် B6၊ ဗီတာမင်စီနှင့် Antioxidant များပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နှင့် နှလုံးတို့ကို အထောက်အကူ ပြုစေပါသည်။
DOCA(မန္တလေး)