တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့ မိတ္ထီလာမြို့နယ်ရှိ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

          မိတ္ထီလာခရိုင်အတွင်း ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ ဝါစသည်ဖြင့် လယ်ယာ ထွက်ကုန်သီးနှံများစွာ စိုက်ပျိုးဖြစ်ထွန်းပြီး ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချမှုများအပြင် ကုန်ချော ထုတ်လုပ်ရောင်းချနေသည့်   ကုန်ထုတ်လုပ်ငန်းများစွာရှိပြီးဖြစ်သည်။ ၎င်းလုပ်ငန်း များမှာဒေသတွင် နေထိုင်သူများအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်သကဲ့သို့ ဒေသထွက်ကုန် များအား တန်ဖိုးမြှင့်ထုတ်လုပ်သည့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ် လုပ်ငန်းများဖြစ်သည့်  မိတ္ထီလာမြို့ နယ်ရှိ သိန်းမင်း ငရုတ်သီးမှုန့်လုပ်ငန်း၊ UK ကြက်သွန်ကြက်သွန်ကြော်လုပ်ငန်း၊ ချန်ပီယမ်မုန့် လုပ်ငန်းများမှာလည်း အပါအဝင်ဖြစ်သည်။ ၎င်းလုပ်ငန်းများသို့ ဇန်နဝါရီလအတွင်း တိုင်းဒေသကြီး ဦးဆောင်သောအဖွဲ့သည် ဒေသတွင်း MSME လုပ်ငန်းများနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ရာ သိန်းမင်းငရုတ်သီးမှုန့်လုပ်ငန်းအနေဖြင့် ဒေသထွက်ကုန်ငရုတ်သီးများကို ငရုတ်သီးမှုန့်၊ အရောင်တင် မှုန့် ၊ ခွဲခြမ်း၊အကြော်မှုန့်အလှော်မှုန့်များထုတ်လုပ်လျက်ရှိကြောင်း၊ ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူ/ နီကြော်များကို ဒေသတွင်းဈေးကွက်နှင့် အနယ်နယ်အရပ်ရပ်သို့တင်ပို့ကြောင်းသိရပြီး၊ ချန်ပီယံ မုန့်လုပ်ငန်းမှာ သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်ကုန်တစ်ရပ်အနေနှင့် ဈေးကွက်ရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)