မိတ္ထီလာမြို့နယ်၊ ဝန်ဇင်း (အလက) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ်၊ ဝန်ဇင်း (အလက) ကျောင်းမုန့်ဈေးတန်းတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက်(၁၀၃၀)နာရီချိန်တွင် ဝန်ဇင်း (အလက) ကျောင်းမှ ဆရာများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသော လေဖောင်းမုန့်များ၊ အချို ရည်ဗူးများ၊ ပေါင်မုန့်မျိုးစုံနှင့် ဝေဖာချောင်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထား သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ ကိုက်ညီပြည့်စုံမှုရှိပြီး မြန်မာ့ရိုးရာ မုန့်များကိုလည်း ရောင်းချကြောင်းစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ဥပဒေများအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ အကြောင်းနှင့် မိမိဌာန မှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)