
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်ရမည်းသင်းမြို့နယ်၊ ရွှေကုန်းကျေးရွာတွင် စားသုံးသူပြည်သူများ စားသုံးသူခွင့်အရေးအပြည့်အဝရရှိ စေရန်နှင့် ဝယ်ယူသုံးစွဲသောကုန်စည်များ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်ရှိသော ကုန်စည်မျာမှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ရေး ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်(၁၀၃၀) နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ရမည်းသင်း မြို့နယ်တာဝန်ခံ ဦးစန်းအောင်မှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့််တာဝန််များအကြောင်း၊ စားသုံးသူအခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့်ဆွေးနွေး ခဲ့ပါသည်။ လုပ်ငန်းရှင်များ အနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့် အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင် ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ စုစုပေါင်း ( ၁၀၀ ) ဦးတက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင် များလည်းဖြန့်ဝေခဲ့ပြီး ဟောပြော ပွဲကိုနံနက်(၁၁၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)