(၂၄)ကြိမ်မြောက် လောကချမ်းသာ အဘယ လာဘမုနိရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပခြင်း

Powered by Drupal

          ၁၁.၂.၂၀၂၅ ရက်နေ့ နံနက်(၇:၀၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်း‌တော်ပေါ်တွင် (၂၄)ကြိမ်မြောက်လောကချမ်းသာ အဘယလာဘမုနိရုပ်ပွား တော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ကျင်းပခဲ့ပါ သည်။

          အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက စုပေါင်း၍ လှူဖွယ်ဝတ္ထုပစ္စည်းများအား သံဃာတော် အရှင်သူမြတ်(၆၀)ပါး ကြွရောက်တော်မူ၍ ထေရ်ဝါစဉ်အလိုက် စုပေါင်းသံဃမဟာ ပဝါရဏာ ပြုတော်မူကြပြီး ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)