စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ မေလ (၂၇)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူ ရေးရာကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၆)ဦး၊ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဌာန၊ ဝန်ကြီး ဦးစိန်ဦးက စားသုံးသူရေးရာကော်မတီအစည်းအဝေးကို တစ်လ(၁)ကြိမ် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည့်အတွက် အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှု၊ အားသာချက်၊ အားနည်းချက်ပေါ်မူတည်ပြီး ဆက်လက်ပူးပေါင်း၍ အကြံပြုဆွေးနွေးရန် မှာကြားခဲ့ ပါသည်။
ဆက်လက်၍ ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက ၂၀၂၂ ခုနှစ်၊ မေ လအတွင်း စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းအား မြေပြင်(၁၀)ဦးနှင့် Online (၁၀)ဦး စုစုပေါင်း(၂၀)ဦး စစ်တမ်းကောက်ယူပြီး ဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီနှင့် ပတ်သတ်၍ ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ရာ အဆိုပါအမိန့်နှင့် ပတ်သတ်ပြီး စားသုံးသူလုပ်ငန်းရှင်များ အား အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ Online ပေါ်တွင် ရောင်းချလျက်ရှိသော ရသေ့ဆေး(ခေါ်)ထိုင်းဗိန်းတောဆေး အကိုက်အခဲပျောက်ဆေးအား ထိုင်းနိုင်ငံ FDA က ဘေးအန္တရာယ် ရှိဆေးအဖြစ် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ်ပါဝင်သော အလေးချိန်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးသွားရန်လိုအပ်ကြောင်း၊ တင်သွင်းထုတ်လုပ်သည့် ကုမ္ပဏီနှင့် Import Registration No. (IR) များ ဖော်ပြထားခြင်းမရှိဘဲ၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော Bella Plus Plaster များ ရောင်းချနေခြင်းကြောင့် တရားဝင်အခွန်အခများ ပေးသွင်း၍ တင်သွင်းရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် အကျိုးစီးပွားများ ထိခိုက်နစ်နာရကြောင်း၊ စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်အား ၂၀၂၂ ခုနှစ်၊ မေလ (၁)ရက်နေ့မှစပြီး လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လက်ရှိဆောင်ရွက်နေသော အသိပညာပေးလုပ်ငန်းများ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများနှင့် ပတ်သတ်ပြီး အမှာစာများအား ရှင်းလင်းတင်ပြ၍ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက အသီးသီးအကြံပြုဆွေးနွေးခဲ့ကြပြီး ၎င်းအစည်းအဝေးမှ အမှာစာ(၇)စောင်အား အတည်ပြု ဆုံးဖြတ် ချက်ချမှတ်ခဲ့ပြီးနောက် အစည်းအဝေးကို (၁၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(ကယား)