Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

          Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁.၇.၂၀၂၃ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်(၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ လျှောက်ထားသည့့််အချက်အလက်များနှင့်  မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှု ရှိမှသာလျှင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိဒေါ်မေသက်ထွန်းဦးဆောင်၍ (၅.၂.၂၀၂၅) ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ  ဖြစ်သည့်  ကော်ကော်တီတီ၊  Ei Set ၊Tit Tit Gold& Jewellery၊  ဝင်းဇော်အထည်ဆိုင်၊  နွယ်အထည်ဆိုင်နှင့် ဂျိုလီ ဆိုင်တို့မှလျောက်ထားသည့်ကုန်စည်များဖြစ်သည့်လက်ဝတ်ရတနာပစ္စည်းများ၊ဖန်စီပစ္စည်းများ၊အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်များနှင့် လူသုံးကုန်များစသည့်လုပ်ငန်းများအားသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍မြေပြင် ကွင်းဆင်း စစ်ဆေး ခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။ 

DOCA(မန္တလေး)