“Anuga Food 2025” တွင် ပါဝင်ရန် ကမ္ဘောဒီးယားကုန်သည်ကြီးများအား MOC တိုက်တွန်း

Powered by Drupal

          ကမ္ဘာ့အကြီးဆုံး အစားအစာနှင့်အဖျော်ယမကာပြပွဲ “Anuga Food 2025” တွင် ကမ္ဘောဒီးယားကုန်သည်ကြီးများ ပါဝင်ပြသရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန (MOC) မှ ၁၇-၂-၂၀၂၅ ရက်နေ့တွင်တောင်းဆိုခဲ့သည်။ နိုင်ငံတကာကုန်စည်ပြပွဲကို ဂျာမနီနိုင်ငံ၊ Cologne မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ MOC ၏အဆိုအရ ကုန်စည်ပြပွဲသည် ဆန်းသစ်တီထွင်မှုကိုပြသရန်၊ ချိန်ဆက်မှုအခွင့်အလမ်းများကိုမြှင့်တင်ရန်၊ အစားအသောက်နှင့်အဖျော်ယမကာလုပ်ငန်းတွင် ပေါ်ပေါက်လာသော ခေတ်မီရေစီးကြောင်းများကို ရှာဖွေခြင်းတို့အတွက်အဓိက ပလပ်ဖောင်း တစ်ခုအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ Anuga တွင် အထူးပြုကုန်စည်ပြပွဲ ၁၀ ခုကိုပြသရန်စီစဉ်ထားပြီး ကုန်စည်ပြပွဲတစ်ခုစီသည် စက်မှုလုပ်ငန်း၏ အဓိက ကဏ္ဍများ အတွက်ရည်ရွယ်ကြောင်း သိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(MOC) သည် ၎င်းတို့၏လုပ်ငန်းကွန်ရက်များကို ချဲ့ထွင်ရန်၊ ဈေးကွက်အသစ်များ ရှာဖွေရန်နှင့် ကမ္ဘောလုံးဆိုင်ရာအတိုင်းအတာဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမြှင့်တင်ရန် အတွက် အခွင့် အလမ်းများကိုရယူရန် သက်ဆိုင်သူအားလုံးကိုတွန်းအားပေးလျက်ရှိသည်ဟု ဝန်ကြီးဌာနမှ ထုတ်ပြန်ထားခဲ့သည်။

DOCA(ရန်ကုန်)