ဇန်နဝါရီလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးပို့ကုန်နိုင်ငံအဖြစ် အမေရိကန်နိုင်ငံ ဆက်လက်တည်ရှိ

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ ၈၇၀ သန်းနီးပါးမြင့်တက်လာပြီး ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့်ကုန်စည်စီးဆင်းမှုအထွေထွေဦးစီးဌာန ၏အစီရင်ခံစာအရ သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တွင် အမေရိကန်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်အများဆုံးနေရာအဖြစ် ဆက်လက်ရပ်တည်နေပြီး ဗီယက်နမ်(ကန်ဒေါ်လာ ၂၇၈ သန်း)၊ ဂျပန်(ကန်ဒေါ်လာ ၁၅၁ သန်း)

၊ ကနေဒါ (ကန်ဒေါ်လာ ၁၀၉ သန်း)၊ စပိန်(ကန်ဒေါ်လာ ၁၀၃ သန်း)နှင့် တရုတ်(ကန်ဒေါ်လာ ၁၀၃ သန်း)တို့အသီးသီး ရပ်တည်နေခဲ့ကြသည်။ ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည်  အမေရိ ကန်ဒေါ်လာ ၈၉၂ သန်းအထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဉ ပါက ၃၈.၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ ၏ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၂၃ သန်းခန့်ရှိခဲ့ပြီး ၃၇.၇ ရာခိုင်နှု်နး တိုးလာခဲ့ ကြောင်းအစီရင်ခံစာအရ သိရသည်။

DOCA(ရန်ကုန်)