ဘီလာရုစ်နိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ်ဇန်နဝါရီလတွင် ၃.၇ ရာခိုင်နှုန်းတက်လာခဲ့

Powered by Drupal

          ဘီလာရုစ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်သည် ၂၀၂၅ ဇန်နဝါရီလတွင် ရူဘယ် ၂၀.၅ ဘီလီယံ(အမေရိကန်‌ဒေါ်လာ ၆.၂၅ ဘီလီယံ) သို့ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃.၇ ရာခိုင်နှုန်းတိုးလာကြောင်းနိုင်ငံ၏ အမျိုးသားစာရင်းအင်းကော်မတီက ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

          ထို့အပြင် GDP deflation အညွှန်းကိန်းသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဥ်ပါက ဇန်နဝါရီလတွင် ၁၀၈.၁ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ကြောင်း ကော်မတီ၏ အဆိုအရသိရသည်။

          ၂၀၂၄ ခုနှစ်တွင် ဘီလာရုစ်၏ စီးပွားရေးသည် ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အစိုးရခန့်မှန်း ထားသည်ထက် ၀.၂ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)