
ဇန်နဝါရီလတွင် တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ သန်း ၇၀ တန်ဖိုးရှိသော ကျောက် ပုဇွန်များကို ဗီယက်နမ်နိုင်ငံထံမှတင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများ အသင်း (VASEP) ၏ထုတ်ပြန်ချက်အရ ဇန်နဝါရီလတွင် ဗီယက်နမ်၏ကမ္ဘာတစ်ဝှမ်းသို့ စုစုပေါင်းရေထွက်ကုန် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇၇၄ သန်းတန်ဖိုးရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုသို့မြင့်တက်လာမှုသည် ကျောက်ပုဇွန်၊ ဂဏန်း၊ ဂုံးနှင့် ခရုပါဝင်သည့် အရည်အသွေးမြင့် လတ်ဆတ်သောပင်လယ်စာ ထုတ်ကုန်များအတွက် တရုတ်နိုင်ငံထံမှဝယ်လိုအားကောင်းမှုကြောင့် ဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသို့ ကျောက်ပုဇွန်တင်ပို့မှုသီးသန့်သည် နိုင်ငံ၏ တရုတ်သို့ စုစုပေါင်းပင်လယ်စာ တင်ပို့မှု၏ ထက်ဝက် နီးပါးရှိကြောင်း သိရပါသည်။ ထို့ပြင် ဂဏန်းတင်ပို့မှုမှာလည်း အမေရိကန် ဒေါ်လာ ၁၈.၅ သန်းဖြင့် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၈၄၃ သန်းတန်ဖိုးရှိသော ပုဇွန်များကို တရုတ်နိုင်ငံသို့တင်ပို့ ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၃၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တရုတ်သည် အမေရိကန်ကိုကျော်ဖြတ်ကာ ဗီယက်နမ်၏ပုဇွန်တင်ပို့ရာအကြီးမားဆုံးဈေးကွက်ဖြစ်ခဲ့ကြောင်း သိရပါသည်။ VASEP က ဝင်ငွေမြင့်စားသုံးသူများကိုရည်ရွယ်သည့် ဗီယက်နမ်ကျောက်ပုဇွန် သည် တရုတ်၏စီးပွားရေးနှေးကွေးမှုနှင့် စားသုံးသူငွေသုံးစွဲမှု လျှော့ချခဲ့သော်လည်း ဝယ်လိုအား တည်ငြိမ်လျှက်ရှိကြောင်း သိရပါသည်။ အရည်အသွေးမြင့်ပင်လယ်စာကဏ္ဍ၏ ကြံ့ကြံ့ခံနိုင်စွမ်းရှိ မှုသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအား လုပ်ငန်းနယ်ပယ်၏ကြီးထွားမှုအဟုန်ကို ယခုနှစ် တစ်လျှောက် ထိန်းသိမ်းနိုင်ရန်အတွက် စားသုံးမှုပုံစံကို လေ့လာနိုင်မည့်အခွင့်အလမ်းကို ပေးစွမ်း နိုင်မည်ဟု သိရပါသည်။
DOCA(ရန်ကုန်)