
ဗီယက်နမ်သည် အမေရိကန်ထံမှ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များပိုမိုတင်သွင်းရန် အတွက် ၎င်းတို့၏ဈေးကွက်ကို တံခါးဖွင့်ထားရန်အဆင်သင့်ဖြစ်နေကြောင်း ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien က ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ၎င်းတို့၏ အကြီးမား ဆုံးတင်ပို့ရာဈေးကွက်ဖြစ်သည့် အမေရိကန်ထံမှ အကောက်ခွန်နှုန်းသစ်များ ပါဝင်သည့် ကမ္ဘာလုံး ဆိုင်ရာကုန်သွယ်ရေးအငြင်းပွားမှုပြင်းထန်လာခြင်းထံမှ မသေချာမရောမှု များနှင့် ရင်ဆိုင်နေရ ကြောင်း သိရပါသည်။ Dien က နှစ်နိုင်ငံစလုံးသည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင်ပူးပေါင်း ဆောင်ရွက်မှုဆက်လက်အားကောင်းရန်လိုအပ်ပြီး သို့မှသာ တစ်ဖက်ချင်းစီ သည် ထုတ်ကုန်များ နှင့် ထောက်ပံ့မှုကွင်းဆက်များကွဲပြားနိုင်မည်ဟု အမေရိကန်သံအမတ်ကြီး အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရပါသည်။ Dien က ဗီယက်နမ်သည် ၎င်းတို့၏ စိုက်ပျိုးရေးထုတ်ကုန်များအတွက် အမေရိကန်ကဈေးကွက်ကို ဆက်လက်တံခါးဖွင့် ထားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် အမေရိကန်၏ အသား၊ သစ်သီး၊ ပြောင်းနှင့် နို့ထုတ်ကုန်များအစရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့ရာ ၉ ခုမြောက် အကြီးမားဆုံးဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် အမေရိကန် အပေါ် စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၂၃ ဘီလီယံ ရရှိခဲ့ကြောင်း သိရ ပါသည်။
DOCA(ရန်ကုန်)