
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကုန်သွယ်မှုကာကွယ်ရေးမူဝါဒများသည် အင်ဒိုနီးရှား အတွက် GDP မြှင့်တင်နိုင်ရန်အခွင့်အလမ်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားစီးပွားရေးကောင်စီ၏ အကြီးအကဲ Luhut Binsar Pandjaitan က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြောကြားခဲ့ပါသည်။ Pandjaitan က၎င်းသည် နိုင်ငံ၏ GDP ကို ၀.၈ ရာခိုင်နှုန်း မြင့်တက်စေရန်အလားရှိကြောင်းနှင့် သို့သော်ထိုသို့မြင့်တက်မှု ရရှိရန်အတွက် နိုင်ငံသည် ကမ္ဘာ လုံးဆိုင်ရာဈေးကွက်နေရာပြောင်းရွှေ့မှုထံမှအခွင့်အလမ်းများကို ရယူရန်နှင့် စီးပွားရေး ဖြေလျှော့ ပေးခြင်းအားဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုမြင့်တက်စေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါ သည်။ ထို့ပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများက ၎င်းတို့၏တင်ပို့ရာဈေးကွက်များအား ပိုမို များပြား သော အခြားမိတ်ဖက်နိုင်ငံများသို့ ထပ်မံဈေးကွက်ကွဲပြားစွာတင်ပို့ခြင်းအားဖြင့် နိုင်ငံ၏ GDP မြှင့်တင်ရန် ကြီးမားသောအလားအလာရှိနေကြောင်း သိရပါသည်။ သို့သော် သမ္မတထရမ့် ၏ ကုန်သွယ်ရေးကာကွယ်ရေးမူဝါဒများ ပြင်းထန်လျှက်ရှိသော်လည်း အင်ဒိုနီးရှား-အမေရိကန် ဆက်ဆံရေးမှာ ဆက်လက်တည်ငြိမ်မှု ရှိနေကြောင်း သိရပါသည်။ အင်ဒိုနီးရှားသမ္မတ Prabowo သည်လည်း အမေရိကန်သမ္မတနှင့် ကောင်းမွန်သောခင်မင်ရင်းနှီးမှုရှိနေပြီး နှစ်နိုင်ငံအပြန် အလှန် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန်အတွက် အလားအလာများကိုဆွေးနွေးရန် ထရမ့်ထံ စာရေးသားပေးပို့ရန်စီစဉ်နေကြောင်း Pandjaitan ကပြောကြားခဲ့ပါသည်။ သို့သော် ရာသီဥတု ပြောင်းလဲမှု၊ စီးပွားရေးယှဉ်ပြိုင်မှုများ၊ ဒစ်ဂျစ်တယ်နှင့် AI အားပြိုင်မှုများ နှင့် ပထဝီနိုင်ငံရေး တင်းမာမှုများ ပါဝင်သည့် နိုင်ငံ၏ စီးပွားရေးအရှိန်မြှင့်တင်ရန်အားထုတ်မှုတွင် ရင်ဆိုင်ရနိုင်သည့် များစွာသော စိန်ခေါ်မှုများ ရှိနေကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ကလည်း အင်ဒိုနီးရှားကိုသက်ရောက်နိုင်သည့် အမေရိကန်ကချမှတ်သည့် မူဝါဒများ လျှော့ပါး သက်သာစေရေးအတွက် ၎င်းတို့၏မူဝါဒများကို ချိန်ညှိသွားမည်ဟု ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)