ကျိုက်မရောမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေး အခမ်းအနားကို ၂.၆.၂၀၂၂ ရက် နေ့လည် ၁ နာရီက ကျိုက်မရော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်ဝေက ဆန်စက်လုပ်ငန်းရှင်များ အသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေးအခမ်းအနားပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ညီညီခန့်က အမှုဆောင်သစ် ရွေးချယ်ရခြင်း နှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေးရာတွင် ကော်မတီရွေးချယ် တင်မြောက်ခြင်းကို (၃)နှစ်လျှင် တစ်ကြိမ် ရွေးချယ်တင်မြောက်ကြောင်း၊ ယခု ရွေးချယ်တင်မြောက်ခြင်းသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ နှစ်အထိ သက်တမ်းရှိကြောင်း ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသည့် ဆန်စက်ပိုင်ရှင်များမှ မြို့နယ်အမှုဆောင်များကိုရွေး ချယ်တင်မြှောက်ခဲ့ကြသည်။
ထို့နောက် ကော်မတီဝင်များမှ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(မွန်)