မုဒုံနှင့် ချောင်းဆုံမြို့နယ်တို့တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း ကော်မတီအသစ် ရွေးချယ် တင်မြှောက်ဖွဲ့စည်းခြင်း ဆောင်ရွက်

Powered by Drupal

              ၁.၆.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံရုံး၌ မုဒုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်း အစည်းအဝေး ပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံ၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်း ဥက္ကဌနှင့် ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

          ထို့ပြင် နေ့လည် ၁၄:၀၀ နာရီတွင် ချောင်းဆုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းအစည်းအဝေးကို ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံ၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် ချောင်းဆုံမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

          ရှေးဦးစွာ ပြည်နယ်အသင်းဥက္ကဌ ဦးခိုင်ဦးက ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်အားလည်းကောင်း၊ ကော်မတီရွေးချယ်တင်မြှောက်ခြင်းကို (၃) နှစ်လျှင် တစ်ကြိမ် ရွေးချယ်တင်မြှောက်ကြောင်း၊ ယခုရွေးချယ်တင်မြှောက်ခြင်းသည် (၂၀၂၂ မှ ၂၀၂၅) ခုနှစ်အထိ သက်တမ်းရှိကြောင်း ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသည့် ဆန်စက်လုပ်ငန်းရှင်များမှ ကော်မတီဝင်များရွေးချယ်တင်မြှောက်ကြပြီး ကော်မတီများမှ ရှေ့ဆက်လုပ်ဆောင် သွားမည့် လုပ်ငန်းအကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)