
ဖေဖော်ဝါရီလတတိယပတ်အတွင်းမန္တလေးစျေးကွက်သို့စားတော်ပဲသီးနှံများဝင်ရောက်လျက်ရှိပြီး၊စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ စားတော်ပဲသီးနှံအား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်အများအပြား စိုက်ပျိုးပြီး၊ ကျန်ဒေသများတွင်လည်း စိုက်ပျိုးကြောင်း သိရပါတယ်။ပဲမျိုးစုံစိုက်ပျိုးထွက်ရှိသည့်မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ မတ္တရာနှင့်မြင်းခြံမြို့ နယ်တို့တွင် စားတော်ပဲများစိုက်ပျိုးပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်းသိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျင် စားတော်ပဲ(ကနေဒါ) ၃၂၅၀၀၀ ကျပ်နှင့် ၃၃၀၀၀၀ ကျပ်၊ စားတော်ပဲ(ကျွန်း) ၃၄၅၀၀၀ ကျပ်နှင့်၃၆၀၀၀၀ကျပ်၊တစ်ပိဿာလျှင်စားတော်ပဲ(ကနေဒါ) ၅၄၈၅ကျပ်နှင့်၅၅၇၀ ကျပ်၊ စားတော်ပဲ(ကျွန်း)၅၈၂၃ကျပ်နှင့် ၆၀၇၆ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ယခင်နှစ်ကာလတူပေါက်စေျးမှာ၃တင်းဝင်တစ်အိတ်လျှင်စားတော်ပဲ(ကနေဒါ)၂၄၅၀၀၀ကျပ်နှင့်၂၄၆၀၀၀ကျပ်၊ စားတော်ပဲ(ကျွန်း)၃၁၀၀၀၀ကျပ်နှင့်၃၂၀၀၀၀ကျပ်၊တစ်ပိဿာလျှင် စားတော်ပဲ(ကနေဒါ)၄၁၃၅ ကျပ်နှင့်၄၁၅၂ကျပ်၊စားတော်ပဲ(ကျွန်း) ၅၂၃၂ ကျပ်နှင့် ၅၄၀၁ ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်း ယှဉ်ချက်အရ တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ) ၁၃၁၈ ကျပ်နှင့်စားတော်ပဲ (ကျွန်း)၆၇၅ကျပ်တို့ဖြင့် စျေးပိုရရှိကြောင်း သိရပါတယ်။သီးနှံပေါက်စျေးမှာအချိန်နှင့်လိုက်၍ပြောင်းလဲမှု အနည်းငယ်ရှိကြောင်း သိရှိရပါတယ်။
DOCA(မန္တလေး)