ငါး၊ ပုဇွန်စျေးနှုန်းစျေးကွက်

Powered by Drupal

             ဖေဖော်ဝါရီလတတိယပတ်အတွင်း  မန္တလေးမြို့၊သီရိမာလာစျေး(ပိုက်ကျုံးစျေး)ရှိ   ငါး၊ ပုဇွန်နှင့်ရေထွက်ပစ္စည်းများ   အရောင်းသွက်လျက်ရှိကြောင်း  သိရပါသည်။     ရေထွက်ပစ္စည်း ဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသတွင်းရှိ မွေးမြူရေးကန်များမှ တီလားဗီးယားငါး(ဂျပန်ငါး)၊ ငါးကြင်းများ၊ ရေချိုငါးမျိုးစုံနှင့်ပုဇွန်များ၊ရန်ကုန်တိုင်းဒေသကြီးနှင့်မြန်မာပြည်အောက်ပိုင်းမှထွက်ရှိသောငါး၊ပုဇွန်၊ ဂဏန်း များနှင့် ရေထွက်ပစ္စည်းများဝင်ကြောင်း သိရပါသည်။ မန္တလေးစျေးကွက် ဝင်ရောက်မှာတစ်ရက်ခြားလျှင်ကား(၁၀ဘီး)၃စီးနှင့်၄စီးအကြားဝင်ရောက်မှုနှင့်ခေါက်တိုကန်တာ ကားအနေဖြင့် တစ်ရက် လျှင် ၅ စီးနှင့် ၆စီးအကြားဝင်ကြောင်းသိရပါသည်။သီရိမာလာစျေး မှငါး၊ ပုဇွန်နှင့်ရေထွက်ပစ္စည်းများအားလက်လီ/လက္ကားဝယ်ယူ၍ မန္တလေးမြို့ပေါ်ရှိစျေးများသို့ရောင်းချ ကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်း  ဖြစ်ပေါ်ခဲ့သည့်တစ်ပိဿာ စျေးနှုန်းများမှာ  ငါးသလောက် ၂၀၀၀ဝိ/- နှင့် ၃၅၀၀ဝိ/-၊   ငါးကြင်းဖြူ  ၁၂၀၀ဝိ/- နှင့်၁၆၀၀ဝိ/-၊   ငါးကြင်းမျက်စံနီ  ၁၂၀၀ဝိ/- နှင့် ၁၄၀၀ဝိ/- ၊ငါးအုံတုံ ၁၀၀၀ဝိ/-နှင့်၁၄၀၀ဝိ/- ၊ငါးမြစ်ချင်း၊ ငါးပတ် နှင့်ငါးရံ့များမှာ  ၁၃၀၀ဝိ/- နှင့် ၁၆၀၀ဝိ/-၊   တီလားဗီးယား (ဂျပန်ငါး)  ၈၀၀ဝိ/- နှင့်  ၁၀၀၀ဝိ/-၊ ကတ်ကတစ်ငါး  ၃၀၀၀ဝိ/- နှင့် ၃၃၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊အရွယ်အစား အလိုက် အနည်းငယ်စျေး ကွာခြားမှုရှိကြောင်းသိရပါတယ်။  မွေးမြူရေးပုဇွန်စျေးမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင်၁၀၀၀ဝိ/-နှင့်၁၃၀၀ဝိ/-၊ပုဇွန်ကြားနှင့်ရေချိုပုဇွန်တုတ်မှာ၃၅၀၀ဝိ/-နှင့် ၅၀၀၀ဝိ/-၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့်  ၅၀၀၀ဝိ/-၊ ဂဏန်း ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ ကင်းမွန် ၂၀၀၀ဝိ/-နှင့် ၂၅၀၀ဝိ/- ၊ရေဘဝဲ၂၀၀၀ဝိ/-နှင့်၄၅၀၀ဝိ/- စျေးတို့ဖြင့်အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သီရိမာလာစျေးရှိရေထွက်ပစ္စည်းအရောင်းဆိုင်မှ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)