မိတ္ထီလာမြို့ရှိ စားသုံးဆီဈေးငြိမ်နေ

Powered by Drupal

               မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ စိုက်ပျိုးဖြစ်ထွန်းရာ မိုးစိုက်နှင့်ဆောင်းစိုက်ဟူ၍ နှစ်သီးစိုက်ပျိုးကြောင်းသိရသည်။ မိုးမြေပဲကို (၄၇၂၆၉) ဧက၊ ဆောင်းမြေ ပဲကို (၅၇၅၄) ဧကဖြင့် စုစုပေါင်း (၅၃၀၂၃) ဧက မိုးနှမ်း (၃၂၀၇၇၆) ဧက၊ ဆောင်းနှမ်း (၃၉၃၄) ဧက စုစုပေါင်း (၃၂၄၇၁) ဧကနှင့် မိုးနေကြာ (၃၇၄၇) ဧက၊ ဆောင်းနေကြာ (၁၀၇၁၅) ဧက စုစုပေါင်း (၁၄၄၆၂) ဧက စိုက်ပျိုးကြောင်း မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

              ဆီထွက်သီးနှံများစိုက်ပျိုးသကဲ့သို့ ဆီကြိတ်စက်များစွာရှိရာ ဆီကြိတ်စက်များအနေဖြင့် ဆီထွက်သီးနှံကုန်ကြမ်းကို ခရိုင်အတွင်းစိုက်ပျိုးသော မြို့နယ်များမှအပြင် ရမည်းသင်းခရိုင်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတို့မှလည်း ဝယ်ယူကြိတ်ခွဲကြသည်။ ထွက်ရှိလာသည့် ကုန်ချော ပဲဆီ၊ နှမ်း ဆီ၊ နေကြာဆီတို့ကို ဒေသတွင်းဈေးကွက်အပြင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ နေပြည်တောင်၊ ဧရာဝတီတိုင်းဒေသကြီးရှီ မြို့နယ်များသို့ တင်ပို့ရောင်းချကြသည်။ စားသုံးဆီဈေးနှုန်း အနေနှင့် လက်ရှိပေါက်ဈေးမှာ ပဲဆီသန့်တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီသန့်တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်တို့ရှိပြီး၊ FDA လက်မှတ်ရ ထီလာမြေ ဆီစက်မှာ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ဆီသန့်တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်တို့ဖြင့် ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)