မိတ္ထီလာ ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေး ဈေးကွက်

Powered by Drupal

            မိတ္ထီလာမြို့ဈေးကွက်အတွင်း သီးနှံစိုက်တောင်သူများအနေဖြင့် လာမည့်စိုက်ပျိုးရာသီအတွက် ဓါတ်မြေဩဇာများ ကြိုတင်ဝယ်ယူစုဆောင်းကြခြင်း၊ ကြက်သွန်နီစိုက်တောင်သူ များမှ ပိုးသတ်ဆေး ဝယ်ယူသူများရှိ၍ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

            ဖေဖော်ဝါရီလ တတိယပတ်တွင် ယူရီးယားဖြိုးမောက် တစ်အိတ်လျှင် ၁၁၅၀၀၀/ ကျပ်၊ (တရုတ်)ယူရီးယားရွှေတောင် တစ်အိတ်လျှင် ၁၁၇၀၀၀/ကျပ်၊ အာမို (၁၅း၁၅း၁၅) တစ်အိတ် လျှင် ၁၈၅၀၀၀/ကျပ်၊ (ထိုင်း) အာမို (၁၀:၁၀:၁၀)တစ်အိတ်လျှင် ၉၅၀၀၀/ကျပ်၊ (ထိုင်း)အာမို (၁၆း၁၆း၁၆) တစ်အိတ်လျှင် ၁၇၅၀၀၀/ကျပ်၊ (တရုတ်)တီစူပါ ၁၆% 50kg ပါတစ်အိတ်လျှင် ၆၅၀၀၀/ ကျပ်၊  (တရုတ်) တီစူပါ ၄၆% 50kg ပါတစ်အိတ်လျှင် ၁၃၀၀၀၀/ကျပ်၊ ဆိုင်ကလုန်း ၁လီတာတစ်ဗူး လျှင် ၈၅၀၀၀/ ကျပ်၊ ပရိုလန်း ၁လီတာတစ်ဗူးလျှင် ၈၅၀၀၀/ကျပ်၊  ရွှေမျှား 250cc တစ်ဗူးလျှင် ၆၅၀၀/ ၇၀၀၀/ကျပ်၊ ဂိုး 250ccတစ်ဗူးလျှင် ၁၀၀၀၀/ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)