
တောင်ကြီးမြို့ရှိ သစ်သီးဝလံဈေးကွက်တွင် စစ်ကိုင်းတိုင်း၊ မိတ္ထီလာမြို့၊ ပျော်ဘွယ်မြို့များမှ ဝင်ရောက်လာသည့် စပျစ်သီးများကို အမှတ်(၅)ဈေး၊ စဝ်စံထွန်းဈေး နှင့် မြို့မဈေးတို့၌ အများအပြားရောင်းချလျက်ရှိနေပါသည်။ ယခုလအတွင်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော စပျစ်သီးဈေးနှုန်းများမှာ ခရမ်းရောင် အလုံး(ဝိုင်း) ၂၅ ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ ခရမ်းရောင် (အချွန်)သီး မှာ အလုံးအကြီး/အသေး အပေါ်မူတည်၍ ၂၅ ကျပ်သားလျှင် (၅၀၀၀-၈၀၀၀-၁၀၀၀၀) ကျပ်အထိရောင်းချလျက်ရှိပြီး နို့စပျစ်အစိမ်းရောင်အစေ့လွတ်(အဝိုင်း)သီး မှာ ၂၅ ကျပ်သားလျှင် (၁၀၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။
DOCA(ရှမ်း)