
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားအုန်းဆီကိုယ်စားလှယ်တို့နှင့် ပူးပေါင်း၍ (၂၁.၂.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ် ၁၃ လမ်းရှိ စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်စားဝန်ထမ်းများအား ဆီ၊ ဆန်၊ ကြက်ဥ ရောင်းချပေးမှုနှင့် ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။
ထိုသို့ရောင်းချရာတွင် ဌာနဆိုင်ရာများမှ ပင်စင်စားဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့် ဆီ၊ ဆန်၊ ကြက်ဥများ ဝယ်ယူရရှိနိုင်ရေးအတွက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ ဆီတပိသာလျှင် (၇၈၀၀)ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် (၂၈၀၀)ကျပ် နှင့် ကြက်ဥ(၁၃)လုံးလျှင် (၅၀၀၀)ကျပ် ဖြင့်ရောင်းချပေး ကြောင်းသိရှိရပါသည်။ ဆက်လက်၍လည်း ပင်စင်စားဝန်ထမ်းများအား ဌာနဆိုင်ရာများမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)