ဇလွန်မြို့၏ “ဖြူလေး” ဂျင်းသုပ်၊ငှက်ပျောကြော်လုပ်ငန်း

Powered by Drupal

            ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊ ဦးပုညလမ်း၊ ညောင်ပင်ဈေးရပ်ကွက်တွင် ဒေသထုတ်ကုန်ဖြစ်သော “ဖြူလေး” ဂျင်းသုပ်၊ငှက်ပျောကြော်လုပ်ငန်းအား ဇလွန်မြို့နယ် ဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာ မှ (၂၁.၂.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ထုတ်ပိုးရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ ထုတ်လုပ်မှုအခြအနေ၊ အရောင်းအဝယ်ဖြစ်မှု အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုး အစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်‌ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေး ဆိုင်ဘေးထွက်ဆိုးကျိုး ဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ ရောင်းဝယ်မှုအနေဖြင့် နွေဦးကာလများတွင် ဘုရားဖူးလာသူများမှ အိမ်ပြန်လက်ဆောင်၊ ဒေသလက်ဆောင်အဖြစ် ဝယ်ယူခြင်းကြောင့် ရောင်းအားပိုမိုကောင်းမွန်ကြောင်း သိရသည်။  စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာများစွာရောင်းချလျက်ရှိပြီးမြို့နယ် အတွင်း၊ ခရိုင်အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ်  တင်ပို့ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)