လေးမျက်နှာမြို့ “ဇင်ယော်” ရောင်စုံကတ္တီပါဖိနပ်လုပ်ငန်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ရာဘာစိုက်ပျိုးရေး၊ ဒေသထွက်စားသောက်ကုန်များထုတ်လုပ်ရောင်းချလျက်ရှိပြီး အိမ်တွင်းစီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းများကိုလည်းလုပ်ကိုင်လျက်ရှိကြပါသည်။စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက် နှာမြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးသည် ၂၂.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် လေးမျက်နှာမြို့၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၃)ရပ်ကွက်ရှိ “ဇင်ယော်” ဖိနပ်လုပ်ငန်းသို့သွားရောက်၍ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရးနှင့် တင်ပို့ရောင်းချမှုအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင်  “ဇင်ယော်” အထူးချုပ်ဖိနပ်ရောင်းဝယ်ရေးလုပ်ငန်းသည် ၁၉၈၅ခုနှစ် တွင် စတင်လုပ်ကိုင်ခဲ့ပြီး ရင်းနှီးငွေ ကျပ်သိန်း(၃၀၀)တည်ထောင်ကာ မျိုးရိုးစဉ်ဆက် လုပ်ကိုင်လျက်ရှိ ပါသည်။ ဖိနပ်ပြုလုပ်ရာတွင် ဖိုက်ပါပြားများကို ပုံစံခွက်ဖြင့် ရိုက်ရကြောင်း ရိုက်ပြီးသား ဖိနပ်များကို ကတ္တီပါသားဖြင့်အုပ်ပြီး အနားကွပ်ကာ သဲကြိုးပုံစံချရပါသည်။ ဖိနပ်အောက်ခံခုံတွင် ရာဘာစိမ်းအပါး တစ်လွှာကပ်ပြီး နွားသားရေဖိနပ်ခွာများကို ထပ်မံ တပ်ဆင်ရပါသည်။ အသင့်ပြုလုပ်ပြီး ဖိနပ်များကို တူဖြင့် နှံစပ်အောင်ထုပြီးနောက် ဖိနပ်ဘေးနားများကို အနားသတ်ကာ သန့်စင်အောင် ပြလုပ်ရပါသည်။ ထွက်ရှိလာသော  သန့်စင်ပြီး ဖိနပ်များကို ဆိုဒ်နံပါတ်များတပ်ဆင်ခြင်း၊ တံဆိပ်ကပ်ခြင်း၊ ဖိနပ်အောက် ခံပြားတွင် စက္ကူတံဆိပ်များကပ်ကာ ဘူးသွပ်ရပါသည်။ ဒေသအသီးသီးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး အထူးအော်ဒါချုပ်ဖိနပ်များကိုလည်း ချုပ်လုပ်ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင် ဦးမြင့်ဝင်းထံမှ သိရှိ ရပါသည်။

DOCA(ဧရာဝတီ)