မုံရွာမြို့၊ နန္ဒဝန်ဈေးအတွင်းရောင်းချနေသော စတော်ဘယ်ရီသီးဈေးနှုန်းများ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နန္ဒဝန်ဈေးတွင် အသီးမျိုးစုံ ရောင်းချနေသည့် ဆိုင်များတွင် စတော်ဘယ်ရီသီးများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရှိရပါသည်။ ရာသီပေါ် စတော်ဘယ်ရီများကို   မန္တလေး၊ ပြင်ဦးလွင်မြို့မှ အဓိက ဝယ်ယူရောင်းချလျက်ရှိ‌ ကြောင်း သိရသည်။ ယခု ရာသီချိန်တွင် စတော်ဘယ်ရီသီးများ လှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်၍ စျေးကွက်အတွင်း ရောင်းအား ကောင်းနေကြောင်း သိရှိရပါသည်။

          မုံရွာမြို့ရှိ နန္ဒဝန်ဈေးအတွင်း ရောင်းချလျက်ရှိသော စတော်ဘယ်ရီသီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၂၀၀၀၀)မှ(၁၈၀၀၀)ကျပ်အထိဈေးနှုန်းအစားစားရှိကြောင်း  ဝယ်ယူသူများ ပြားပြီး အရောင်းသွက်သဖြင့် အရောင်းအဝယ် အဆင်ပြေလျက်ရှိကြောင်း မုံရွာမြို့၊ နန္ဒဝန် ဈေးတွင် ရောင်းချလျက်ရှိသော သစ်သီး ရောင်းချသူများထံမှ သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)