
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်လက်ပံတန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲစိုက်ဧက (၉၉၂၉၅) ဧက ရှိခဲ့ပြီး စိုက်ပျိုးထားသော မတ်ပဲမျိုးများမှာ TBL-9၊ ရေဆင်း-၂၊ ရေဆင်း-၇၊ ပဲမြွေဟောက်မျိုးတို့ အများဆုံးစိုက်ပျိုးကြသည်။ ရေလိုက်ပဲခေါ်(ကိုင်းမြေ) တွင် စိုက်ပျိုးသောရေလိုက်ပဲများ လှိုင်လှိုင်ထွက်ရှိကာ ပျမ်းမျှအထွက်နှုန်း(၂၀)တင်းကျော် ထွက်ရှိကြပြီးဈေးနှုန်း အနေဖြင့် ပေါ်ကာစအချိန် တစ်တင်းလျှင်(၁၀၅၀၀၀)ကျပ်ရရှိခဲ့ပြီး ယခုပေါက်ဈေးနှုန်းမှာ (၉၅၀၀၀) ကျပ်ဈေးသို့ပြန်လည်ကျဆင်းသွားကြောင်းသိရှိရပါသည်။ မြေပြန့်တွင် စိုက်ပျိုးသောလယ်ကွင်းပဲ များလည်း စတင်ထွက်ရှိနေပြီဖြစ်သော်လည်း အရွက်များဝါခြင်း၊ အပင်သေခြင်းများကြောင့် အထွက်နှုန်းများကျဆင်းခဲ့ပါသည်။ ပျမ်းမျှအထွက်နှုန်းမှာ( ၁၀) တင်း ခန့်သာထွက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)