ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးနှင့် အသိပညာပေး ဆွေးနွေးဟောပြောတတ်စေရန် အလှည့်ကျဟောပြောစေခြင်း လေ့ကျင့်ဆောင်ရွက်လျက်ရှိ

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ရုံးတွင် (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ ခရိုင်ရုံးရှိ ဝန်ထမ်းသစ်များနှင့် မြို့နယ်တာဝန်ခံ တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မာရေး၊ ဝမ်းစာပြည့်ဝနေစေရေးနှင့် လူအများရှေ့တွင် ဟောပြောတတ်စေရန် ဝန်ထမ်းများ အလှည့်ကျဟောပြောစေခြင်းကို ခရိုင်ဦးစီးမှူးမှဦးဆောင်၍ လေ့ကျင့်ဆောင်ရွက်ခဲ့ပါသည်။

            မကွေးခရိုင်ဦးစီးမှူး ‌ဒေါ်တင်တင်လှ (လ/ ထ ညွှန်ကြားရေးမှူး)မှ စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်” မျှော်မှန်းချက်ထားပြီး ရည်မှန်းချက်များဖြစ်သည့် (၁) စားသုံးသူ အခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ (၂)ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန် (၃) ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ (၄) ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းတာဝန်များ ချမှတ်ပြီးအကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း၊ စားသုံးသူကာကွယ်‌ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏အခွင့်အရေး တာဝန်နှင့် တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ဝန်ထမ်းအားလုံးသိရှိကျွမ်းကျင်နေအောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ထို့ကြောင့် ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများကို ဝမ်းစာပြည့်ဝဖို့၊ ဗဟုသုတများရရှိဖို့၊ ဟောပြောပွဲအတွေ့အကြုံများရရှိစေဖို့၊ “ပညာရဲရင့်ပွဲလည်တင့်စေရန်” အပတ်စဉ်အလှည့်ကျ ဟောပြောရမည်ဖြစ်၍  ကိုယ့်အလှည့်မရောက်မှီ ကြိုတင်လေ့လာထားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

            ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းမှလည်း ဝန်ထမ်းများအား မိတ်ဆက်စကားပြောကြားပုံ၊ ကိုယ်အမှုအရာ၊ လေယူလေသိမ်း၊ ယူနီဖောင်းဝတ်ဆင်ပုံစနစ်တကျရှိစေရေးတို့အား ရှင်းလင်းပြောကြားခဲ့ပြီး  ၂၀၂၂ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့ ပထမအပတ်ဟောပြောရန် အလှည့်ကျသည့် ဦးဟာခေါဂေ (ဒု-ဦးစီးမှူး) ရေနံချောင်း မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊  စားသုံးသူကာကွယ် ရေးဥပဒေ -၂၀၁၉ ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေး၊ တာဝန်နှင့်တားမြစ်ချက်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြရေး ပါဝင်မည့်အချက်များအား အသေးစိတ်ဆွေးနွေးခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးတို့က လိုအပ်သည်များအား ဖြည့်စွက်ပြင်ဆင်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)