မကွေးဈေးကွက်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၇၉၅၀၀)၊ ကုလားပဲဟော်လန်(၁)တင်းလျှင် ကျပ်(၈၁၅၀၀)၊ ပဲလွန်းဝါ(၁)တင်းလျှင် ကျပ်(၈၀၀၀၀)၊ ပဲတီစိမ်း (၁)တင်းလျှင် ကျပ်(၁၀၄၀၀၀)၊ ပဲနောက်(၁)တင်းလျှင် ကျပ်(၉၈၀၀၀)၊ ပဲကြီးဖြူ (၁)တင်းလျှင် ကျပ်(၇၀၀၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ကျပ်(၉၄၅၀၀)၊ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၃၀၀၀၀)၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ မြေပဲလုံး ဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ မြေပဲအောက်ကျဆီဆံ(၁)ပိဿာလျှင် ကျပ်(၇၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံနီ ကျပ်(၃၅၀၀)ဈေးမြင့်တက် ခဲ့ပြီး၊ ကုလားပဲ (929) ကျပ်(၁၄၅၀၀)၊ ကုလားပဲဟော်လန် ကျပ်(၁၅၅၀၀)၊ စားတော်ပဲ ကျပ်(၄၀၀၀၀) ဈေးလျော့ကြခဲ့ကြောင်း၊ ကုလားပဲနှင့် စားတော်ပဲများ လှိုင်လှိုင်ထွက်ပေါ်နေသောကြောင့် ဈေးနှုန်း ကျရခြင်းဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် မကွေးမြို့မှ မန္တလေးမြို့သို့ ကုလားပဲအိတ်ရေ(၅၀၀)၊ မြေပဲ အိတ်ရေ (၅၀၀)၊ ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ(၁၅၀၀)၊ ပဲစဉ်းငုံအိတ်ရေ(၇၀၀၀)ခန့် တင်ပို့ခဲ့ ကြောင်း သိရသည်။

DOCA(မကွေး)